လူကြားထဲမှာ ဘူကနဲဂွမ်ကနဲ မဖြစ်စေဖို့
လူတိုင်းဟာ လေလည်ကြပါတယ်။ လေလည်တာက ပုံမှန်ပါပဲ။ အစာအိမ်ပေါက်တာ၊ အူပေါက်တာ၊ အူပိတ်တာမျိုးဆိုရင်တော့ လုံးဝလေမလည်တာ သို့မဟုတ် မလည်သလောက်နည်းတာ၊ ဝမ်းမသွားတာတွေ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် တစ်ချိန်လုံးလေလည်နေမယ်၊ အနံကလည်း နံနေမယ်ဆိုရင်တော့ လူကြားထဲ ဘူကနဲဂွမ်ကနဲ ဖြစ်ပြီး ရှက်စရာကြီးဖြစ်ရမယ့်အပြင် ကျန်းမာရေးပြဿနာတစ်ခုခုလည်း ရှိနေတာ ဖြစ်နိုင်ပါတယ်။
ဘာ့ကြောင့် လေလည်တာလဲ?
အစာစားရင်း စကားပြောပြီး လေတွေအများကြီး မျိုချမိတာ သို့မဟုတ် အစာခြေဖို့ခက်တဲ့ အစားအစာတွေ စားမိတာကြောင့် ပုံမှန်ထက် လေလည်ပြီး လေလည်ရင် နံလည်းနံတာပါ။
လေလည်တာအပြင်…
- ဝမ်းချုပ်တာ
- ဝမ်းလျှောတာ
- ဝိတ်မချဘဲ ကိုယ်အလေးချိန်ကျသွားတာ
- ဝမ်းသွားရင် သွေးပါတာ ၃ ပတ်ကျော်လာတာ ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါပြီ။
- အူလှုပ်ရှားမှု မူမှန်မဟုတ်တာကြောင့် ဝမ်းခဏခဏသွားတဲ့ရောဂါ (Irritable Bowel Syndrome)
- အစာမကြေလေပွခြင်း
- ဝမ်းလျှောဝမ်းပျက်ခြင်း
- ဝမ်းချုပ်ခြင်း
- Coeliac Disease လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတစ်မျိုး
- Lactose Intolerance လို့ခေါ်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပါတဲ့ lactose ဓာတ်ကို အစာမခြေနိုင်တဲ့ရောဂါ တွေဟာ လေလည်များပြီး အနံ့နံတတ်ပါတယ်။
တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့လည်း လေလည်တာများနိုင်ပါတယ်။
- Ibuprofen လို NSAIDs အုပ်စုဝင်အကိုက်အခဲပျောက်ဆေးတွေ
- Statin သွေးတွင်းအဆီကျဆေး
- ဝမ်းနှုတ်ဆေးတွေနဲ့
- တချို့မှိုသတ်ဆေးတွေကြောင့် လေမကြာခဏလည်တတ်တာမို့ မိမိသဘောနဲ့ မဟုတ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး ရပ်သင့်ရင်ရပ်၊ ဆေးပြောင်းသင့်ရင်ပြောင်းရပါမယ်။
ဘာတွေလုပ်သင့်သလဲ?
- အစာကို နည်းနည်းနဲ့ မကြာခဏ စားပါ။
- အစာကို ကြေညက်အောင် ဖြည်းညင်းစွာ ဝါးစားပါ။
- အစာကြေအောင် ကိုယ်လက်လှုပ်ရှားမှု နေ့စဥ်လုပ်ပါ။
- ပင်စိမ်းရွက်ခြောက် လက်ဖက်ရည်သောက်ပါ။
ဘာတွေ မလုပ်သင့်ဘူးလဲ?
- ပီကေဝါးတာ၊ သကြားလုံးငုံတာ၊ ဆေးလိပ်သောက်တာတွေ ရှောင်ပါ (လေတွေအများကြီး မျိုချမိစေလို့)။
- အစာမကြေနိုင်တဲ့ အစာမာတွေ ရှောင်ပါ။ အစားကို အများကြီး မစားပါနဲ့။
- ဘီယာ၊ ဝိုင်နဲ့ Gas ပါတဲ့အချိုရည်တွေ ရှောင်ပါ။
ဒါမှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ရောဂါတွေရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်